လောက်ကိုင်မြို့ကို စိုးမိုးနိုင်သည့် လေးမျက်နှာစေတီကုန်း စစ်တပ်စခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော်၊ လောက်ကိုင်မြို့ကို စိုးမိုးနိုင်သည့် လေးမျက် နှာစေတီကုန််းတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း MNDAA က ပြော သည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က စတင်ပြီး အဆိုပါ အကြမ်း ဖက်စစ်ကောင်စီ တပ်စခန်းကို MNDAA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေပိုင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုး ဖောက်နိုင်ခြင်းမရှိသဖြင့် ညနေ ၆ နာရီခန့်တွင် ထိုးစစ်ဆင်မှုရပ်တန့်ခဲ့ကြောင်း၊ ယင်းနောက် MNDAA စစ်ညွှန်ကြားရေးမှူးက စစ်နည်း ပရိယာယ်များ ပြန်လည်ပြုပြင်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်အပြီး ၃ ရက်အကြာ ဒီဇင် ဘာလ ၅ ရက်နေ့တွင် လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက် အပြင်ဘက်၊ လောက်ကိုင်မြို့ကို ကြည့်ရှုနိုင်သည့် တာရင်တောင်၊ ရှောက်ရင်တောင် (လေးမျက်နှာစေတီကုန်း)၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကို အောင် မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
