32 C
Yangon

“ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေကို ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုး ကြီး PDF မေတ္တာရပ်ခံ

Must read

“ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေကို ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုး ကြီး PDF မေတ္တာရပ်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အခြေစိုက်၊ မြင်းခြံ ခရိုင်အမှတ် ၄ တပ်ရင်းက ပြုလုပ်လျက်ရှိသည့် “ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေ ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံထား သည်။

မကြာမီဆောင်းရာသီကျော်ဖြတ်ပြီး နွေရာသီကာလ ရောက်ရှိလာပါက သစ်ရွက်များကြွေကျပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခိုကပ်စရာနေရာမရှိသည်ကို အခွင့်ကောင်းယူကာ စစ်တပ်က စစ် ကြောင်းထိုးလာတော့မည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာချိန်တွင် ပြန်လည်ခုခံတိုက်ခိုက်နိုင် ရန်ကြိုတင်ပြင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက် မန္တလေးတိုင်းထဲမှာ ဆောင်းတွင်းကာလကျော်ဖြတ်ပြီးရင် ပွင့်လင်း ရာသီဖြစ်တဲ့ နွေရာသီရောက်လာတော့မှာဖြစ်ပါတယ်၊ နွေရာသီရောက်လာတာနဲ့အမျှ စစ်ကြောင်း တွေက ဝင်လာတော့မှာပါ၊ ကျနော်တို့မှာက တောတောင်ထူထပ်တဲ့နေရာမရှိသလို တော နက်တာ တွေ လည်းမရှိပါဘူး၊ မရှိမဲ့ ရှိမဲ့တောတောင်လေးတွေမှာ ခိုကပ်နေရတာဖြစ်တဲ့အတွက် ပွ့င်လင်း ရာသီဖြစ်တဲ့ နွေရာသီရောက်လာလို့ရှိရင် သစ်ပင်တွေကလည်း အရွက်တွေဘာတွေ ကြွေကျပြီး ခိုကပ်စရာနေရာမရှိဖြစ်တော့မှာပါ၊ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးလာခဲ့ရင် အဓိက ကျနော်တို့အနေနဲ့ ကျည်အင်အားလုံလုံလောက်လောက်ဖြည့်တင်းပြီးတော့ တိုက်နိုင်တဲ့ စစ် ကြောင်းတွေဆိုရင် တိုက်ထုတ်ချင်တာပါ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်း ပြသည်။

အဆိုပါ ကမ်ပိန်းကာလကို ဒီဇင်ဘာလ ၁ ရက်နေ့နမှ စ၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး Natogyi People Defence Force မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်း၏ ပထမဦး ဆုံးအကြိမ် ကမ်ပိန်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့လည်း ရှမ်းပြည်နယ်မြောက်ပိုင်းက အောင်မြင်တာမျိုးကို လက်ပိုက်ကြည့်နေလို့ မပါဘူး၊ ကျနော်တို့ကိုယ်၌ကလည်း ကျနော်တို့မြို့နယ်တွေ၊ ခရိုင်တွေ၊ တိုင်းတွေက ပြည်သူတွေက ကိုယ့်နယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့လေးတွေကို ထောက်ပံ့ဖို့လိုမယ်၊ ခဲယမ်းအင်အားဖြည့်ပေးဖို့လိုပါ တယ်၊ ခဲယမ်းအင်အားမရှိရင် ကျနော်တို့ ဘာမှ လုပ်လို့မရပါဘူး၊ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တစ်တောင့် တတ်နိုင်ရင် တစ်တောင့် ပေါ့၊ ပါဝင်မှ ကျည် ၅၀၀၀ ထောင်ကမ်ပိန်းဆိုတာလည်း အောင်မြင်မှာပေါ့၊ ကျနော်တို့ဒေသက ရှမ်းမြောက်ဒေသတွေကို လက်နက်ခဲယမ်းဆိုတာလည်း လွယ် လွယ်ကူကူဖြစ်လာတာ မရှိတော့ အချိန်ယူပြင်ဆင်ရတာရှိတယ်၊ အဲဒီအတွက် ပြောလိုတာက ကျ နော်တို့ အလယ်ပိုင်းဒေသကလည်း လှုပ်ရှားပေးနေမှ တခြားသောဒေသတွေကလည်းချောင်မှာပေါ့၊ အဲဒါကြောင့် နေရာ တိုင်းမှာထောက်ပံ့ပေးဖို့လိုပါတယ်၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပါဝင်ကူညီပေးမည့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100091812066518

Page Messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article