29 C
Yangon

လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံးမြို့မရဲစခန်း နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး (စရဖရုံး) တို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF နှင့် ထားဝယ်နဂါးတပ်ခွဲ ၅ တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင်သေပြီး ၂ ကောင် ဒဏ်ရာပြင်းထန်တယ်။ လက်နက်ခဲယမ်း သိမ်းဆည်း ရမိတာတော့မရှိဘူး။ တိုက်ခိုက်ပြီးတာနဲ့ ပြန်လည်း ဆုတ်ခွာ လာခဲ့တာ” ဟု လောင်းလုံး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာ နိုင်ခဲ့​ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်နေ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် အတွက် စစ်ရေး သတိဖြင့် သွားလာ နေထိုင်ကြပါရန် လောင်းလုံး PDF က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article