25 C
Yangon

“မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ Danger Force ကို ကူညီစို့” ကမ်ပိန်းကို ကူညီပေးကြပါရန် မေတ္တာရပ်ခံ

Must read

“မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ Danger Force ကို ကူညီစို့” ကမ်ပိန်းကို ကူညီပေးကြပါရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၇

“မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ Danger Force ကိုကူညီစို့” ကမ်ပိန်းကို ပူးပေါင်းပါဝင်ကူညီပေးကြပါရန် Danger Force LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် “Danger Force LPDF”တပ်ဖွဲ့အနေဖြင့် တိုင်းနှင့်ပြည် နယ်အသီးသီး၌ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများ အရှိန်မြင့်တက်လာနေပြီး အရာတော် မြို့နယ်အတွင်း၌လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနိုင်ရန် ကျည်လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် “မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ Danger Force ကို ကူညီစို့” “ကျည် ၁၀၀၀ ကမ်ပိန်း” ပြုလုပ် ကာ မိဘပြည်သူများထံအကူအညီတောင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်ပိန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ ကျည်လိုအပ်ချက်ရှိနေလို့ပါ၊ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်” ဟု Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

Danger Force LPDF ရဲဘော်များ အနေဖြင့် တိုက်ပွဲများဖော်ဆောင်ရန် အသင့်ရှိနေပြီး လိုအပ်သော ကျည်များကို အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်လိုအပ်လျက်ရှိကြောင်း၊ (၇.၆၂) ကျည်တစ်တောင့် လျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် –

https://www.facebook.com/dangerforcelpdf

Messenger မှတဆင့် ဆက်သွယ်ကာ Kpay ၊ Wave Pay ၊ NUG Pay တို့ ဖြင့်ဆက်သွယ်၊ မေးမြန်း လှူဒါန်းနိုင်ကြောင်း၊ ကမ်ပိန်းကာလကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article