32 C
Yangon

မြောက်ဦးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

မြောက်ဦးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့အကြား မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကာ‌ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ယင်းနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ၎င်းတံတားအနီးမှ မြောက်ဦးမြို့ထဲသို့ လက် နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပေါက်တောမြို့တွင်းတွင် အရပ်သားများကို အကာ အကွယ်ပြုကာ ခံစစ်ယူနေကြပြီး ပြည်သူများကို ဆက်လက်ဒုက္ခပေးနေကြသော စစ်ကောင်စီလက်ကျန်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား မြို့တွင်းတိုက်ပွဲများ ဆက် လက်ပြင်းထန်နေခဲ့ကြောင်း၊ ပလက်ဝမြို့နယ်တွင်လည်း “နှုံးဘူးဗျူဟာကုန်း” ကို စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသည့်ကြားမှ ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က အရပ်သားပြည်သူများအား တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရာ အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခဲ့သဖြင့် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ လူလတ်ပိုင်း အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မင်းပြားမြို့၊ တောင်မော်ဦးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ပေါက်တောဒေသခံ ၁ ဦး သေဆုံးခဲ့ရသည့်အပြင် မင်းပြားမြို့၊ မယ်တော်တောင်တွင် တပ်စွဲထားသည့် ခမရ ၅၄၁ တပ်ရင်းကလည်း မယ်တော်တောင်အနီး ဖြတ်သန်း သွားလာနေသော ပြည်သူများကို လက်နက်ငယ်များဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article