33 C
Yangon

မိုင်းလုံနှင့် မန်တုံမြို့နယ်ရှိ စစ်စခန်း ၂ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

Must read

မိုင်းလုံနှင့် မန်တုံမြို့နယ်ရှိ စစ်စခန်း ၂ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို TNLA က ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၅ မိနစ်တွင် မိုင်းလုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယင်းတပ်စခန်းမှ ၆၀၊ ၈၀ မမ လက်နက်ကြီး အပါအဝင်လက်နက် ၁၀ လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန်တုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခိုမုန်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းနှင့် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကွတ်ခိုင်တပ်စခန်းတို့ကိုယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မိုင်းလုံမြို့နယ် လယ်ကြီး တပ်စခန်း၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းနှင့် သီပေါမြို့နယ် စံဖိတ်ကျေးရွာတို့ကို Jet Fighter ဖြင့် ၁၆ ကြိမ် ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့် ၄၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article