30 C
Yangon

အမရပူရ၊ ချမ်းမြသာစည်နှင့် စစ်ကိုင်းမြို့နယ်တို့ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်၊ မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

အမရပူရ၊ ချမ်းမြသာစည်နှင့် စစ်ကိုင်းမြို့နယ်တို့ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်၊ မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship PDF -NMD ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်တွင် အမရပူရမြို့နယ်ရှိ ပြည်သူများ မှတ်ပုံ တင်၊ အိမ်ထောင်စုများ လုပ်ဆောင်ရာ၌ အချိန်ဆွဲ၊ ငွေညှစ်ကာ လာဘ်စားနေသော လဝကရုံးရှိ အရပ် ဝတ်များဖြင့် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဗဒူကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို No More Dictatorship PDF -NMD တပ်ဖွဲ့၊ဒေသခံ ပကဖ၊ SSTF ၊ ဒေသခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ Rocket ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ၀န်းကျင်တွင် ချမ်း‌မြသာစည်မြို့နယ်၊ ရှမ်းလေးကျွန်း နှင့် သံသေကပ်ကျော်ဘုရားအနီး ကန်ပတ်လမ်းထောင့်၌ စည်ပင်ဝန်ထမ်းနှင့် အကြမ်းဖက်စစ်သား များပူးပေါင်းပြီး ငွေညှစ်နေသဖြင့် မဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲရန်ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက် စစ်သားများမှ တွေ့ရှိသွားသဖြင့် သိမ်းဆည်းလာခဲ့ပြီး တက်သေးအင်းနတ်နန်းအနီးရှိ အကြမ်းဖက် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့လည် ၁၂ နာရီခန့်ကလည်း ချမ်း‌မြသာစည်မြိုနယ် ၆၈ လမ်း၊ ၁၁၂ လမ်းထောင့်ရှိ ခရိုင်ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းလိုင်းခန်းကိုဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထမင်းစား နေချိန်ဖြစ်သဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ ယန္တရားလည်ပတ်စေရန် ထောက်တိုင်ဖြစ်နေသည့်အပြင် ပြည်သူများကို လက်နက်ပြခြိမ်းခြောက် ကာ ကား၊ဆိုင်ကယ်များ ဖမ်းဆီးငွေညစ်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိ သဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက် ညနေ ၃ နာရီ ၀န်းကျင်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက် စိန်တုန်းရပ် ကွက်ရှိ ပျူစောထီး ဖိုးချွန်း နေအိမ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်ရခြင်းမှာ ဖိုးချွန်းသည် ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်လူကြီး၊ အကြမ်းဖက်စစ်သားများနှင့်ပေါင်း၍ ရပ် ကွက် အတွင်း PDF သင်တန်းဆင်း လူငယ်များအား သတင်းပေးတိုင်ကြားကာ ဖမ်းဆီးခိုင်းခြင်း၊ ဧည့် စာရင်း စစ်ခြင်း အပါအဝင် စစ်ကိုင်းတံတား နှာပေါက်တွင်လည်း ငွေညစ်ခြင်းတို့ကို လုပ်ဆောင် နေသူဖြစ်သည်ဟု ပြည်သူများမှ အတိအကျဖြင့် တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့ထံမှ သိရသည်။

ယ‌နေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၈ နာရီ အချိန်တွင် မြိုင်မြို့ ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သား များ တပ်စွဲထားရာ အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းတို့ကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်အမှတ် ၃ စာသင် ကျောင်း ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကိုးဆောင်ကျောင်းဂိတ်ဘက်သို့ ထွက်ပြေးသွား ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲပြီးဆုံးပြီး ၁ နာရီခန့်အကြာတွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ နှင့်ပျူများက မြိုင်မြို့နယ် NLD ပါတီရုံးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ရင်း၂ နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းမြွေ အဖွဲ့နှင့် ကျေးရွာ ကာကွယ်ရေးတပ်ဖွဲများမှ ရှော့တိုက်ဒုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများအနီး ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများမှလည်း ၆၀ မမ ဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် မြိုင်မြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ကန်ကြီးရွာ ဇရပ်အရောက် ဗိုလ်လင်းမြွေအဖွဲ့နှင့် ကျေးရွာကာ ကွယ်ရေးတပ်ဖွဲဝင်များမှ ပေပါမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံး ၄၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ရာ ဘဏ်ရုံးအနောက်ဘက် ဂိုထောင်အနီးရှိ ထမင်းချက်ရာနေရာကျရောက်ပေါက်ကြွမှုအတွင်း အကြမ်းဖက်စစ်သားများ အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ တပ်ရင်း ၂ နှင့် ဗိုလ်မြွေဆိုး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းဘုန်းတောကျေးရွာအတွင်းရှိနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကြွပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article