25 C
Yangon

မုန်းမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၀ ဦးအထက်သေဆုံးပြီး စစ် သား တချို့က အလံဖြူထောင်ကာ အလစ်အငိုက် ပြန်လည်တိုက်ခိုက်ရန် ကြိုးစား၍ ပစ်ခတ်ရှင်းလင်းရ ၊ ခမရ ၅၉၀ တွင် တော်လှန်ရေးအလံ လွှင့်ထူ

Must read

မုန်းမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၀ ဦးအထက်သေဆုံးပြီး စစ် သား တချို့က အလံဖြူထောင်ကာ အလစ်အငိုက် ပြန်လည်တိုက်ခိုက်ရန် ကြိုးစား၍ ပစ်ခတ်ရှင်းလင်းရ ၊ ခမရ ၅၉၀ တွင် တော်လှန်ရေးအလံ လွှင့်ထူ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ် သား ၇၀ ဦးအထက်သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင် ပိုင်းတိုင်းအထူးကွန်မန်ဒိုစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂ ရက် ည ၁၁ နာရီမိနစ် ၄၀ ခန့်က ကစတင်ပြီး မုန်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ဒီဇင်ဘာ လ ၃ ရက်နေ့တွင် အကြမ်းဖက်တပ်မှ ဗဟိုကင်းတခုသာ ကျန်ပြီး ပိတ်မိနေစဉ် အရာရှိတဦးအပါဝင် အကြမ်းဖက်စစ်သား ၆ ဦးမှ အလံဖြူထောင်ပြီးထွက်လာခဲ့ကြောင်း၊ ထို့ကြောင့် အလံဖြူထောင်လက် နက်ချမည့်သူများကို ပစ်ခတ်ခြင်းမပြုဘဲ စောင့်ဆိုင်းနေစဉ် ကျန်အကြမ်းဖက်စစ်သား ၅ ဦးမှ အနီးရှိ လက်နက်တိုက်အတွင်း ပြေးဝင်သွားကာ ကျည်ပုံများ၊ ပစ္စည်းများ ထမ်း၍ ဗဟိုကင်းသို့ ပြန်ပြေးဝင် ကာခုခံကာကွယ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် PDFတပ်ဖွဲ့ဝင်များအနေဖြင့် လူ့ဂုဏ်သိက္ခာ၊ စစ်သုန့်ပန်း ဥပဒေအရ ကောင်းမွန်စွာ စည်း စောင့် ထိန်းခဲ့ပါသော်လည်း အကြမ်းဖက် အာဏာရှင်စစ်တပ်ဖက်မှ သိက္ခာမဲ့စွာ အလံဖြူအသုံးချလာ သဖြင့် အားလုံးကို ပစ်ခတ်တိုက်ခိုက်ရှင်းလင်းလိုက်ရပြီး စခန်းကို သိမ်းပိုက်လိုက်ရကြောင်း၊ ယင်း စခန်း သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စ်ကောင်စီတပ်သားအလောင်း ၇၀ နှင့်အထက် အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရိုးမ၂ စစ်ကြောင်းနှင့် KNLAအဖွဲ့တို့က ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ သိမ်းပိုက်ရရှိသည့် မုန်းမြို့ခမရ ၅၉၀ တပ်စခန်းရှေ့တွင် တော်လှန်ရေးအလံတော်ကို လွှင့်ထူခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article