အရာတော်မြို့နယ်တွင် ပျူစောထီးများကို မိုင်းထောင်တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူစောထီးများထွက်လာနိုင်သည့် လမ်းကြောင်း များ၌ မိုင်းထောင်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force – NDRF မှ တာဝန်ခံ ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာမှ ပျူစောထီး ၅ ဦးထွက်လာစဉ် မိုင်း ထိ ပြီး ပျူစောထီးကျော်မိုးမှာ ခြေထောက်ဖြတ်လိုက်ရကြောင်း၊ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ တွင် သလဲဘာပျူရွာမှ ပျူစောထီးများ ထွက်ခွာလာစဉ် မိုင်းထိပြီး သလဲဘာရွာ ပျူစောထီးခေါင်းဆောင် တောင်ကြီးသားနှင့် အရာ တော်မြို့နယ် အမှတ် ၁၀ လေ့ကျင့်ရေးတပ်မှ တပ်ကြပ်ကြီး ပိုင်စိုး တို့ သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့လာနိုင်မယ့်လမ်းတွေမှာ မိုင်းထောင်ထားပြီး ဖြတ်တောက်ထားတာ၊ ၃ ရက်အတွင်း ၃ ဦး သေတယ်၊ ခြေထောက်ဖြတ်လိုက်ရတဲ့ ဒဏ်ရာရတာက ၂ ယောက်ပေါ့၊ စုစုပေါင်း ၅ ဦးထိတာ၊ ၅ ရက်နေ့က အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့သေးတယ်” ဟု Ngwe Dwin Revolution Force – NDRF မှ တာဝန်ခံ ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ငွေတွင်းကျေးရွာမှ ပျူစောထီး ဦးပုသည် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်းအတွင်းဝင်ရောက်လာရာ မိုင်းထိသေဆုံးခဲ့ ကြောင်း၊ အဆိုပါ မိုင်းထောင်ပြီး ဆက်သွယ်ရေးဖြတ်တောက်မှုကို Ngew Dwin Revolution Force – NDRF နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် လက်လုပ်မိုင်းတစ်လုံး။