ကွမ်းလုံမြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ လုံးပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ကွမ်းလုံမြို့နယ်ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ အိမ်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ပြည်သူများ စိုက်ပျိုးထားသည့် ရာဘာပင်အမြောက်အများ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။