33 C
Yangon

အမေရိကန် ဒေါ်လာစျေးနှုန်းအပေါ် မူတည်၍ စက်သုံးဆီစျေးနှုန်းများ အတက်အကျ ဖြစ်ပေါ်မည်ဖြစ်ကြောင်း နယ်ဆီဆိုင်များကို ပုဂ္ဂလိကဆီကုမ္ပဏီများက အသိပေး

Must read

အမေရိကန် ဒေါ်လာစျေးနှုန်းအပေါ် မူတည်၍ စက်သုံးဆီစျေးနှုန်းများ အတက်အကျ ဖြစ်ပေါ်မည်ဖြစ်ကြောင်း နယ်ဆီဆိုင်များကို ပုဂ္ဂလိကဆီကုမ္ပဏီများက အသိပေး

ရန်ကုန်၊ဒီဇင်ဘာ ၈

ပြည်တွင်းစျေးကွက်တွင် အမေရိကန် ဒေါ်လာစျေးနှုန်းအပေါ် မူတည်၍ စက်သုံးဆီစျေးနှုန်းများ အတက်အကျ ဖြစ်ပေါ်မည်ဖြစ်ကြောင်း နယ်ဆီဆိုင်များကို ပုဂ္ဂလိကဆီကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေဗျိုင်းဖြူက အသိပေးသည်။

စက်သုံးဆီစျေးနှုန်းများသည် ဒေါ်လာစျေးပေါ် မူတည်မည်ဖြစ်ပြီး စက်သုံးဆီ မရောင်းချခင် စျေးနှုန်းခန့်မှန်တွက်ချက်မည်ဖြစ်သော်လည်း အမှန်တကယ်ရောင်းချသည့်နေ့တွင်မူ ဖြစ်ပေါ်နေသော စျေးနှုန်းကိုမူတည်၍ ငွေကြေးလိုအပ်ချက် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်းသိရှိရသည်။

နယ်စက်သုံးဆီဆိုင်များက လိုအပ်ချက်ပေါ်မူတည်၍ ခန့်မှန်း သိန်း ၁၀၀၀ ဖိုးကျသင့်လျှင် သိန်း ၁၂၀၀ ကြိုတင်သွင်းရမည်ဖြစ်ကြောင်း ရွှေဗျိုင်းဖြူက နယ်ဆီဆိုင်များကို အကြောင်းကြားသည်။

အလားတူ အခြားသော ပုဂ္ဂလိကဆီကုမ္ပဏီများဖြစ်သည့် BOC အပါအဝင် ကုမ္ပဏီများကလည်း ယင်းကဲ့သို့ ဒေါ်လာစျေးပေါ်မူတည်၍ စက်သုံးဆီ စျေးအပြောင်းအလဲလုပ်မည်ဟု နယ်ဆီဆိုင်များကို အကြောင်းကြားလာကြောင်း သိရှိရသည်။

“စစ်ကောင်စီဘက်ကလည်း စျေးနှုန်းသတ်မှတ်ချက် ထုတ်ပေးပြီးသားကို ဒေါ်လာစျေးအတက်အကျပေါ်မူတည်ပြီးတော့ စျေးနှုန်းထပ်ပြောင်းမယ်ဆိုတော့ SME တွေကို အသေသတ်သလိုဖြစ်နေပြီ။ မြတ်တုန်းကတော့ ကြိတ်ယူခဲ့ကြပြီး အခုကျတော့ SME ဆီဆိုင်တွေကိုပါ မျှခံခိုင်းနေတာပဲ” ဟု နယ်ဆီပိုင်ရှင်သမားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဗဟိုဘဏ်အနေဖြင့် ဆီသွင်းသည့် ကုမ္ပဏီများသို့ ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ဒေါ်လာရောင်းချမှုအားလုံးကို ရပ်ဆိုင်းပြီး စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ်လုပ်ကြရန် ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ငွေလဲနှုန်းဆိုင်ရာ မူဝါဒကို ပြင်ဆင်သတ်မှတ်ခဲ့ပြီးနောက် ဆီပြတ်လပ်မှုနှင့်အကျပ်အတည်းများ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article