Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရန်ကုန်၊ မြို့နယ်တချို့မှာ ကားလမ်းပေါ် တာယာမီးရှို့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြပြီး တာမွေမြို့နယ်၊ သီတာလမ်းထိပ်ဆန္ဒပြပွဲမှာ ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်တဲ့အတွက် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့လည်း အဖမ်းခံရတယ်လို့ ရန်ကုန်မြို့သပိတ်အင်အားစုက အတည်ပြုပြောဆိုပါတယ်။
– ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲမှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲက တပ်ရင်းတပ်ဖွဲ့တွေလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေကာ ၂၁ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။
– ပြည်တွင်းစျေးကွက်မှာ အမေရိကန်ဒေါ်လာစျေးနှုန်းအပေါ် မူတည်ပြီး စက်သုံးဆီစျေးနှုန်းတွေ အတက်အကျဖြစ်ပေါ်မယ်လို့ နယ်က လောင်စာဆီဆိုင်တွေကို ပုဂ္ဂလိက လောင်စာဆီကုမ္ပဏီဖြစ်တဲ့ ရွှေဗျိုင်းဖြူက အသိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။