28 C
Yangon

မုန်းမြို့၊ ခမရ ၅၉၀ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းမှ ပစ်ခတ်သဖြင့် တပ်မိသားစုဝင် ကလေးမိခင်တစ်ဦး သေဆုံးပြီး လသားအရွယ်ကလေး တစ်ဦး ကျန်ရစ်၊ တော်လှန်ရေးတပ်ဖွဲ့က မိခင်မဲ့ လသားအရွယ်ကလေးငယ်ကို ကယ်တင်

Must read

မုန်းမြို့၊ ခမရ ၅၉၀ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းမှ ပစ်ခတ်သဖြင့် တပ်မိသားစုဝင် ကလေးမိခင်တစ်ဦး သေဆုံးပြီး လသားအရွယ်ကလေး တစ်ဦး ကျန်ရစ်၊ တော်လှန်ရေးတပ်ဖွဲ့က မိခင်မဲ့ လသားအရွယ်ကလေးငယ်ကို ကယ်တင်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ ခမရ ၅၉၀ တပ်ရင်း စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က စစ်တပ်မိသားစုဝင်များပါမကျန် လေကြောင်းမှ လိုက်လံပစ်ခတ်သတ်ဖြတ်မှု ကြောင့် စစ်တပ်မိသားစု ဝင် ကလေးမိခင်တစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ် ကလေးငယ် ကျန်ရစ်ကာ ယင်းကလေးငယ်ကို တော်လှန်ရေးတပ်ဖွဲ့က ကယ်တင်ထားရကြောင်း တောင်ပိုင်းတိုင်းအထူးကွန်းမန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မုန်းတိုက်ပွဲ ခမရ ၅၉၀ မှာဖြစ်တာ ။ အာဏာရှင်အကြမ်းဖက် အဖွဲ့ဆိုတာ ကိုယ့်လူလည်း တန်ဖိုးမထား တတ် ဘူး။ အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။” ဟု တောင်းပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်း က ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက် ည ၁၁ နာရီ မိနစ် ၄၀ အချိန် ကျောက် ကြီးမြို့နယ်၊ မုန်းမြို့ဒေသရှိ ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ ခမရ ၅၉၉ တပ်ရင်းဌာနချုပ် နှင့်မုန်း မြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်းတပ်စခန်း တို့ကို စ်တင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် KNLA ၊ PDF ၊ BPLA ပူးပေါင်း မဟာမိတ်တပ်များက စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ကြောင်း ၊ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနှင့် ကော့ပြင်းတပ်စခန်း၊ ခမရ ၅၉၉ တပ်ရင်း ဌာန ချုပ်နှင့် မုန်းသာစည်တံတားကင်း တို့ကို အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်ကြားမှ စစ်ရေး ရည်မှန်းချက်အတိုင်း အ ကောင်အထည် ဖော် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစ်ဒေသမှူး ရဲဘော် တင်ဦးက ရန်ကုန်ခေတ်သစ်တသင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ အများအ ပြား ဒဏ်ရာ ရရှိခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ဒုရင်းမှုး အဆင့်ရှိ ဗိုလ်မှုး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် အရာခံအကြပ်စစ်သည် ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၅၈ ဦးကိုလည်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းနိုင် ခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက် ကျဆုံးမှု တချို့ ရှိခဲ့ကြောင်း သိရ သည်။

တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲ အ‌နေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ် ဆင်ရေး တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နှင့် စစ်ကောင် စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများ အားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြရန် နှင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းဝေးစေရန် လိုအပ်သည်များကို ကြိုတင်ပြင် ဆင် ပေးကြပါရန် လေးလေးနက်နက် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article