25 C
Yangon

တာမွေတွင် ဆန္ဒပြလူငယ် ၄ ဦးကို ဗုံးထောင်သည်ဟုဆိုကာ ဖမ်းဆီးရမိဟု စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်၊ လူငယ် ၂ ဦး သေဆုံးဟု စစ်လော်ဘီများက ပြောဆိုထား

Must read

တာမွေတွင် ဆန္ဒပြလူငယ် ၄ ဦးကို ဗုံးထောင်သည်ဟုဆိုကာ ဖမ်းဆီးရမိဟု စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်၊ လူငယ် ၂ ဦး သေဆုံးဟု စစ်လော်ဘီများက ပြောဆိုထား

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဗုံးထောင်သည်ဟုဆိုကာ ဆန္ဒပြ လူငယ် ၄ ဦးကို ဖမ်းဆီးရရှိကြောင်း စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်ပြီး စစ်လော်ဘီများက ဆန္ဒပြလူငယ် ၂ ဦး သေဆုံးသည်ဟု တယ်လီဂရန်ချန်နယ်များမှတစ်ဆင့် ရေးသားဖော်ပြနေကြသည်။

“မနေ့က တာမွေမြိုနယ်ဘက်မှာ အများပြည်သူသွားလာနေတဲ့လမ်းကို တာယာကွင်းချပြီး အဓိပ္ပာယ်မဲ့ မီးထရှိတယ်။ အနီးနားက တာမွေရဲစခန်းကို ရီမုဒ်လက်လုပ်ဗုံးနဲ့ ဖောက်ခွဲဖိုကြိုးစားတဲ့ PDF ခွေး ၄ကောင်ကတော့ ရန်ကုန်ရွှေဘက ကြိုတင်သတင်းရလို အသွင်ယူပြီး စောင့်ဗြင်းပေးလိုက်တာ ပြန်ခုခံတဲ့ ၂ကောင်ကတော့ ဆန့်ငင် ဆန့်ငင်ဖြစ်သွားတယ်။ ကျန် ‌၂ကောင်ကတော့ ဗုံးခွဲဖိုလုပ်တဲ့ လက်လုပ်မိုင်း၂လုံးနဲ့အတူ မိတ်ကပ်လူးပြီး ကားပေါ်ခေါ်သွားပေးလိုက်တယ်” ဟု စစ်လော်ဘီချန်နယ်များက ရေးသားဖော်ပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသော ရန်ကုန်သပိတ်အင်အားစုကမူ လူငယ်များက တာယာမီးရှို့၍ ဆန္ဒပြခြင်းသာဖြစ်ပြီး ဗုံးထောင်ခြင်းမရှိကြောင်း၊ ဗုံးထောင်သည်ဟု အကွက်ဆင်ကာ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခြင်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရရှိထားသော အသက်ရှင်ကျန်ရစ်သည့် ဆန္ဒပြလူငယ် ၂ ဦးကို စစ်ကြောရေးတွင် ပို့ဆောင်ထားကြောင်း စစ်လော်ဘီများက ရေးသားဖော်ပြနေကြသည်။

“မင်းတိုလို ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်ကောင်‌ တွေအတွက်ရန်ကုန်လိုနေရာမျိုးမှာ နေရာမရှိစေရဘူး။ မင်းတိုအတွက် နောက်ဆုံးသွားရာလမ်းက သေရင်သေ၊ မသေရင်ထောင်ထဲသွားဖိုပဲရှိတယ်ကွ။ နေ့ညမပြတ် သံချပ်ကာတိုက်ယာဉ်တွေ၊ အထူးကွန်မန်ဒိုတပ်ဖွဲတွေနဲ့ နယ်မြေခံတပ်မတော်သား‌တွေ ပူးပေါင်းပြီးကင်းလှည့်နေတာ အလှပြဖိုများထင်နေလား စွပိန်းလေးတွေ” ဟု စစ်လော်ဘီများက ဖမ်းဆီးရရှိသည့် လူငယ် ၂ ဦးနှင့်ပတ်သက်၍ ရေးသားဖော်ပြနေကြသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ရက်နေ့ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် ကားလမ်းမများပေါ်တွင် တာယာကွင်းများ မီးရှို့ ဆန္ဒပြခဲ့ကြကြောင်း၊ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက စုပေါင်းချိတ်ဆက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီ စျေးနှုန်း မြင့်တက်လာမှုနှင့် လုံလောက်စွာ မရရှိမှု စသော ပြည်သူလူထု ခံစားနေရသော အထွေထွေအကျပ်အတည်းများကို ရည်ရွယ်၍ လူထုနှင့်အတူ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးတိုက်ပွဲအတွင်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် တိုက်ပွဲမမျှော်ဘဲ မိမိတို့ကိုယ်တိုင် တိုက်ပွဲခေါ်ကြရန် အသင့်ပြင်ဆင်ထားနိုင်စေရေး တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article