မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ရခိုင်တပ်တော် AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မောင်းတောမြို့နယ်၊ နူရ်လ္လာ(မူဆလင်)ရွာပျက်ရှိ ဗလီနှင့် စာသင်ကျောင်း အနီး နွားကျောင်းနေသော အသက် ၂၂ နှစ်အရွယ် ကိုအန်နာမူဟာဆောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သည့် ကိုအန်နာမူဟာဆောင်းသည် မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာသား ၁ ဦးဖြစ်ကြောင်း၊ သေဆုံးသွားသော ကိုအန်နာမူဟာဆောင်း၏ ရုပ်အလောင်းကို ဒေသပြည်သူများက ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သွားရောက် ယူဆောင်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်က လမ်းသွား လမ်းလာ ပြည်သူများနှင့် အရပ်သား ပြည်သူများကိုရည်ရွယ်ချက် ရှိရှိ ရမ်းကား ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ရခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။