25 C
Yangon

တာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ကုမ္ပဏီလုံခြုံရေးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ

Must read

တာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ကုမ္ပဏီလုံခြုံရေးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်ရွှေထွဋ်တင်ဝင်း၊ Hexagon Complex တွင် ဂီတဖျော်ဖြေပွဲ ကျင်းပရန် ပြုလုပ်နေစဥ် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်အချိန် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း Shwe Htut Tin Compound(Outdoor Area) Hexagon Complex တွင် ပြုလုပ်သော Waterzonic ပွဲကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပွဲကို စစ်တပ် ဒေါက်တိုင် ခေတ်ပျက်သူဌေးများက ဦးဆောင် ကျင်းပပြီး လူငယ်များအားမူးယစ်ဆေးဝါးရောင်းချခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အေးချမ်းသယောင် ကျင်းပပြုလုပ်နေသည်ဟု ဖရဲသီး၏အတွင်းသတင်းပေးမှုကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစကြောင်း သိရှိရသည်။

စစ်တပ်ဘက်က သတင်းထုတ်ပြန်မှုတွင် ဗုံးပေါက်ကွဲမှုမှာလုံခြုံရေးဂိတ်ကိုကျွဲရိုင်းအချိုရည်ဘူးခွံဖြင့်ပြုလုပ် ထားသော လက်လုပ်ဗုံးဖြင့်ပစ်ခြင်းဖြစ်ပြီး ကုမ္ပဏီလုံခြုံရေးတစ်ဦးမစိုးရိမ်ရဒဏ်ရာရကြောင်း ဖော်ပြထားသည်။

“တာမွေလေးရပ်ကွက် ရွှေထွဋ်တင်ကွင်းမှာ ညနေ၃နာရီခန့်က ဗုံးပေါက်ပါတယ်။ Waterzonic EDM ပွဲအတွက် လူတွေ စဝင်နေတဲ့အချိန်မှာ ပေါက်တာ။ လူထိခိုက်မှုမရှိဘူးကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရွှေထွဋ်တင်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲတစ်ခု ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article