25 C
Yangon

မုန်းမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရ ဟု KNU အတည်ပြု ထုတ်ပြန်

Must read

မုန်းမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရ ဟု KNU အတည်ပြု ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ မုန်းမြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂၀ ဦး သေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက အတည်ပြု ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ မိနစ်အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်း တပ်များမှ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်စခန်းများကို စတင် တိုက်ခိုက် ချေမှုန်းခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ခမရ ၅၉၀ တပ်ရင်း ဌာနချုပ်၊ မုန်းမြို့မရဲစခန်း နှင့် ကော့ပြင် တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၅၉၉)တပ်ရင်းဌာနချုပ်နှင့် မုန်းသာ စည်တံတားကင်း တို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၀ ဦး သေဆုံးပြီး ၅၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များနှင့် တော်လှန်ရေးပူးပေါင်း တပ်များဘက်မှလည်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်မှ မုန်းမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို ၃ ရက် ၃ ည ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်မှုများကို အကြိမ် ရေမြောက်များစွာပြုလုပ်ခဲ့ပြီး ပြည်သူလူထု ထိခိုက်၊ သေဆုံးမှုများလည်းရှိခဲ့ကြောင်း၊ ယခုအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် မြို့ပေါ်နှင့် အချို့ကျေးရွာတို့တွင် ပြန်လည် နေရာ ယူထားသဖြင့် ထိခိုက်သေဆုံးခဲ့ရသော ပြည်သူလူထု အရေအတွက်၊ နေအိမ်ပျက်စီးမှု အရေ အတွက်တို့အား အတည်ပြု နိုင်ရန် ကြန့်ကြာလျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article