33 C
Yangon

တမူးမြို့နယ်၊ တုံးကျော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးကျော် ပြာကျ

Must read

တမူးမြို့နယ်၊ တုံးကျော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးကျော် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တုံးကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၇ လုံးကျော်ပြာကျခဲ့ကြောင်း Kuki National Organization/Kuki National Army – Burma (KNA-Burma) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက် ည ၁၁ နာရီခွဲခန့်တွင် တမူးမြို့ အထက်ပိုင်း တုံးကျော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံမျာက မီးရှို့ ဖျက်ဆီးခြင်းကြောင့် EBC ဘုရားကျောင်းဝင်းအတွင်းရှ် ပါစတာနေအိမ် အပါအဝင် နေအိမ်​ ၁၇ လုံးအိမ်ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တုံးကျော်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး တမူး-အောင်ဇေယျ ကားလမ်းပိုင်း၌ တည်ရှိကာ ကူကီးကျေးရွာဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ မည်သည့်တပ်ဖွဲ့ မှလည်းမရှိကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီ၌ မြို့သစ်မြို့တွင် အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရောက်လာကာ ကျေးရွာအတွင်း သေနတ်ဖောက်ပြီး စတင်မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူများလည်း ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ပြီး ကူကီးအမျိုးသားတပ်မတော် KNA-Burma နှင့် ခရိုင်တပ်တို့ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်း တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်မှုရှိပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားကာ စစ်သား အချို့ ထွက်ပြေးသွားကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင်လည်း တော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်တပ်၏ သနန်အကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Kuki National Organization/Kuki National Army – Burma (KNA-Burma) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article