21 C
Yangon

ခမောက်ကြီးမြို့တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ်တက်ခိုင်းနေ

Must read

ခမောက်ကြီးမြို့တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ်တက်ခိုင်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် အကြမ်းဖက် စစ် တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး အကျဉ်းသားများနှင့် အတူ စစ်သင်တန်း အတင်းအကျပ် တက်ခိုင်းနေကြောင်း ဒေသနေပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက် နံနက် ၆ နာရီခန့်က ခမောက်ကြီးမြို့၊ မာရမ်းဒေသ၊ အေးချမ်းသာရွာ အဝင်၊ အထွက်တွင် ဂိတ်ချပိတ်ဆို့ကာ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များ တိုက်ဆိုင်စစ်ဆေးကြောင်း၊ ယင်းနောက် ဖုန်း အတွင်း၌ မသင်္ကာဖွယ်ရာ အချက်အလက်များတွေ့ရှိသည်ဟုဆိုကာ အကြောင်းပြပြီး အေးချမ်းသာ ရွာနေ အသက် ၂၀ အရွယ် မောင်စိုးလွင်၊ အသက် ၁၇ နှစ်အရွယ် မောင်ဝက်ကြီးနှင့် ဖော့သုတ်ရွာမှ အသက် ၂၀ အရွယ်ခန့် အမည်မသိ လူငယ် ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် အေးချမ်းသာရွာမှ ရာဘာဝယ်ရောင်းလုပ်ကိုင်သူ အသက် ၄၀ အရွယ် ဦးချွတ်ကို ရာဘာ တင်ကားဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ခေါ်လာခြင်း၊ ဘေးတွဲ ဆိုင်ကယ်ဖြင့် တော်လှန် ရေး တပ်ဖွဲ့ဝင်များထံ စားနပ်ရိက္ခာများ ပေးပို့ခြင်းတို့ လုပ်ဆောင်သည်ဟု ဆိုကာ ကားနှင့် ဘေးတွဲ ဆိုင်ကယ်တို့ကို သိမ်းဆည်းခဲ့ကြောင်း ၊ ယင်းနောက် ဦးချွတ်ကို ဖမ်းဆီးပြီး အခြား ဖမ်းဆီးထားသောလူငယ် ၃ ဦးတို့ကို ယမန်နေ့ ည ပိုင်း ခမောက်ကြီးမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဦးချွတ်က ကျနော်တို့ ကော့သောင်း ပကဖနဲ့ အဆက်အသွယ်မရှိပါဘူး၊ မကျေနပ်တဲ့သူ ရွာသား တစ်ဦးကနေ တိုင်ကြားခံရလို့ ဖမ်းဆီးခံရတာလို့ သိထားရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်ကလည်း ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်နှင့် ၁ မိုင်ခန့် အကွာရှိ မိုးကုတ်ရိပ်သာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ လူ ငယ် ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးထားသည့် လူငယ်များနှင့် ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်အတွင်းမှ သန်သန်မာမာ လူငယ် အကျဉ်းသားအချို့ကို စုပေါင်းပြီး ခမောက်ကြီး မြို့ရှိ စကခ ၂၀ အတွင်း၌ ဒီဇင်ဘာလ ၉ ရက်နေ့မှစ၍ ၁၅ ရက် အခြေခံစစ်ပညာသင်တန်းအတင်းအကျပ် တက်ခိုင်းရန် ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

“လိုက်လံဖမ်းဆီးလို့ရတဲ့ လူငယ်တွေနဲ့၊ ကော့သောင်းမြို့ အကျဉ်းထောင်ထဲက လူငယ် စုစုပေါင်း ၄၀ လောက်ရှိတယ်၊ အဲဒီလူငယ်တွေကို ခမောက်ကြီးမြို့ စကခ ၂၀ တွင်းမှာ ဒီဇင်ဘာလ ၉ ရက်နေ့က နေစပြီးတော့ အခြေခံစစ်ပညာသင်တန်း ၁၅ ရက်ပေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်က ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ အသက် ၈ လသားအရွယ် ကလေးမိခင် အသက် ၂၈ အရွယ် မအေးအေးမာကို ကော့သောင်းမြို့နယ်အတွင်းရှိ တိုက်ပွဲသတင်းများကို Like ၊ Share လုပ်သည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီခန့်ကလည်း မာရမ်းဒေသ၊ ဖော့သုတ်ကျေးရွာနှင့် အေးချမ်းသာ ကျေးရွာကြား နန္မနွယ်ချောင်းကူတံတားထိပ်ရှိ ဖော့သုတ်ကျေးရွာမှ ဦးသိန်းကြည်+ဒေါ်အိုသီးတို့၏ ရာဘာခြံနှင့်နေအိမ်ကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပို့ချနေသည့် ပျူစောထီး စစ်သင်တန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article