25 C
Yangon

သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီး

Must read

သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း သိန်းငှက် (Falcon TYC PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဘက်မှ မြိတ်မြို့ကို ပို့ဆောင်မည့် အကြမ်းဖက် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါ အလုံး ၅၀ ကို အောက်သရက်ချောင်းရွာနှင့် ပိတောက်ကြီးရွာအကြားတွင် သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စိစစ်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော အရက်ဆီ ပေပါအလုံး ၅၀ နှင့်ပက်သက်၍ သက်ဆိုင်ရာ ပကဖ ၊ ပအဖ အဖွဲ့ကို စိစစ်တင်ပြပြီး ဖမ်းဆီးရမိထားသော အရက်ဆီ ပေပါ အလုံး ၅၀ ကို ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်တွင် ဖောက်သွန် ဖျက်ဆီးပြီး ယာဥ်နှင့်တကွ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် ၂ ဦးကို ခံဝန် လက်မှတ်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Falcon TYC PDF) တပ်ဖွဲ့ တာဝန်ယူထားသည့် နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် ထောက်တိုင်များ ၊ စစ်တပ် ထုတ်ကုန်များနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေပြီး ကုန်တင်ယာဥ်များအနေဖြင့် ဥပဒေအရတရားဝင်ရှာဖွေ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article