25 C
Yangon

နမ့်ဆန်မြို့နယ်ရှိ စစ်တပ်၏ ကဒိုင်းဖူးတောင် တပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ မူဆယ်၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်ရှိ စစ်စခန်းကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

နမ့်ဆန်မြို့နယ်ရှိ စစ်တပ်၏ ကဒိုင်းဖူးတောင် တပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ မူဆယ်၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်ရှိ စစ်စခန်းကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကဒိုင်းဖူးတောင် တပ်စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကဒိုင်းဖူးတောင် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင်တပ်စခန်း၊ ကွတ်ခိုင်မြို့နယ်ရှိ ကွတ်ခိုင်တပ်စခန်းနှင့် မန်တုံမြို့နယ် ခလရ-၁၃၀ တပ်စခန်းတို့ကို ညီနောင် မဟုမိတ် ၃ ဖွဲ့ဖြစ်ဿာ MNDAA၊ AA၊ TNLA ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်ကုန်းဘက်ကို Mi35၊ Jet Fighter ဖြင့် ၆ ကြိမ်၊ မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင်တပ်စခန်းဘက်ကို Mi35 ရဟက်ယာဥ်ဖြင့် ၁ ကြိမ် လာရောက် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article