32 C
Yangon

ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းမှ ထွက်ပြေးလာသည့် ရဲ ၁ ဦး မိသားစု ပါခေါ်ဆောင်လာပြီး အလင်းဝင်

Must read

ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းမှ ထွက်ပြေးလာသည့် ရဲ ၁ ဦး မိသားစု ပါခေါ်ဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ရင်း တပ်ခွဲ ၄ မှ ထွက်ပြေးလာသည့် ရဲတပ်သား ၁ ဦးသည် မိသားစု ပါခေါ်ဆောင်လာပြီး အလင်းဝင်လာကြောင်း ABSDF ​​ကျောင်းသားတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မောင်းတောမြို့နယ်၊ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ရင်း တပ်ခွဲ ၄ မှ ရဲတပ်သား ချမ်းမြေ့အောင်သည် နိုဝင်ဘာလတွင် ၎င်းတာဝန်ကျရာ ရခိုင်ပြည်နယ် မောင်းတောမြို့မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တိမ်းရှောင်နေထိုင်စဥ် ဒလန်မှ စစ်ကောင်စီ စစ်တပ်သားများ သတင်းရရှိပြီး ပိတ်ဆို့ဖမ်းဆီးရာ အမျိုးသမီးဖြစ်သူနှင့် ၈ လ သားအရွယ် ကလေးငယ် တို့နှင့်အတူ ထပ်မံ ထွက်ပြေး လွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သား ချမ်းမြေ့အောင်သည် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ABSDF ကျောင်းသားတပ်မတော်ကို ဆက်သွယ်လာပြီး ၎င်းနှင့် အတူ မိသားစုအား လုံခြုံစိတ်ချရသော လမ်းကြောင်းမှ ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်မှာ အလင်းဝင်လာသည့် ရဲတပ်သား ချမ်းမြေ့အောင်ကို ABSDF ကျောင်းသားတပ်မတော်က လိုအပ်သည်များ စစ်ဆေးမေးမြန်းပြီး နေထိုင်စားသောက်ရေး ကိစ္စများ အဆင်ပြေစေရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article