ပုလဲမြို့နယ်အတွင်း ရက်ရှည်ပိတ်မိနေသော ခရီးသွားပြည်သူများနှင့် ကုန်တင်ကားဆရာများကို ကူညီထောက်ပံ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မကွေးတိုင်း ဂန့်ဂေါမြို့နယ်နှင့်ထီးလင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာမှုများဖြစ်နေသောကြောင့် ပုလဲမြို့နယ်အတွင်း ရက်ရှည်ပိတ်မိနေသော ခရီးသွားပြည်သူများနှင့် ကုန်တင်ကားဆရာများစုစုပေါင်း ၄၀၀ ဦးခန့်တို့ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊မြို့နယ်လူသားစာနာတာဝန်ခံတို့နှင့်အတူ တိုက်နယ် (၈) ပအဖ လူသားစာနာတာဝန်ခံ၊ဒုတာဝန်ခံ၊တိုက်နယ်(၈) ပကဖ တာဝန်ခံ၊ရပ်ကျေးပအဖ၊ပကဖများမှ စားဝတ်နေရေးများအဆင်ပြေရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး ငွေကျပ် ၈ သိန်းထောက်ပံ့ပေးခဲ့ကြသည်။
ထို့ပြင် ခရီးသွားများကို တော်လှန်ရေးအရှိန်မြှင့်လာတာနှင့်အမျှစစ်ရေးသတိ၊စစ်ရေးအသိနှင့်သွားလာနေထိုင်ကြရန်နှင့် စိတ်ခွန်အားဖြစ်စေသော စကားများပြောကြားခဲ့ကြောင်း သိရှိရသည်။