မလေးရှားနိုင်ငံတွင် THE WAY ရုပ်ရှင်ပြပွဲ ပြသ၊ လူဦးရေ ၃၀၀၀ ဝန်းကျင်တက်ရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်းညီညာစုရုံး 22222 ပြည်ပထောက်ပို့အဖွဲ့မှ THE WAY ရုပ်ရှင်ပြပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ရုပ်ရှင်ပွဲကို ခန့်မှန်းလူဦးရေ ၃၀၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားတွင် ကာကွယ်ရေး ဒုအတွင်းဝင် ဦးမောင်မောင်ဆွေမှ ဂုဏ်ပြု အမှာစကားပြောကြားပြီး ရန်ပုံငွေရုပ်ရှင်ပြပွဲ အခမ်းအနားတွင် ကိုလင်းလင်း မချစ်သုဝေတို့၏ အမှတ်တရ လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို လေလံတင် ရောင်းချခဲ့ကြသည်။