27.1 C
Yangon

ဆားလင်းကြီး၊ မုံရွာ-ပုသိမ်လမ်းပေါ်၌ ဆက်ကြေးကောက်သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်၊ ပခုက္ကူတွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ လောင်း ကစားဒိုင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဆားလင်းကြီး၊ မုံရွာ-ပုသိမ်လမ်းပေါ်၌ ဆက်ကြေးကောက်သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်၊ ပခုက္ကူတွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ လောင်း ကစားဒိုင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမပေါ်၊ တိုက်နယ်ဆေးရုံရှေ့၌ ဆက်ကြေး ကောက် သည့် အကြမ်းဖက်စစ်သား၊ ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိကြောင်း Brother Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့‌ ပြောကြားသည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်က ဝမ်ပေါင် ကုမ္ပဏီ၌ လုံခြုံရေးယူပေးနေသော စစ်ကောင်စီ တပ်သားများသည် မုံရွာ-ပုံသိမ်လမ်းမကြီးကို အသုံးပြုသွားလာနေသော ခရီးသွားပြည်သူများထံမှ ဆက်ကြေးလာကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် ဒဏ်ရာရရှိပြီး လူနာတင်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

“မုံရွာ – ပုသိမ် လမ်း တိုက်နယ်ဆေးရုံရှေ့မှာ ဂိတ်ဖွင့် ဆက်ကြေးကောက်တာ၊ မိုင်းဆွဲပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ကားနဲ့လာခေါ်သွားတယ်၊ မိုင်းဆွဲခံလိုက်ရလို့ ကင်းပုန်းတွေ ပါ အကုန် ပြန်ရုပ်သွားတာ” ဟု Brother Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) Brother Defense Force နှင့် Regional Friend Fight ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာတွင် လောင်းကစားဝိုင်းဒိုင်အဖြစ် လုပ်ကိုင်နေသူ လဲ့လဲ့စိုးကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကန်တော်ရွာ လောင်းကစားဝိုင်းဒိုင်၊ ရဲခွေးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လဲ့လဲ့စိုးကို အတိုနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညနေခင်း ၄ နာရီဝန်းကျင်မှာ “ ဟု ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လဲ့လဲ့စိုးသည် အကြမ်းဖက်ရဲနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းဒိုင်အဖြစ် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသူဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကို စလင်းမြို့နယ် ပကဖ လက်အောက်ခံ ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းမြောက်ဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article