32 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် ညီနောင် ၃ ဖွဲ့ကတော့ စစ်အာဏာရှင် ချေမှုန်း အမြစ်ဖြတ်ရေးအတွက် တစ်ရက်မှ မနားဘဲ အရှိန် အဟုန် မပျက် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ တရားဝင် ထုတ်ပြန် လိုက်ပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ စစ်အင်အား ၄၁ ဦးရှိတဲ့ နမ့်ဆန်မြို့မရဲစခန်းကို TNLA တပ်ကနေ ဒရုန်းနဲ့ ဗုံးကျဲပြီး မြေပြင်ကပါ တိုက်ခိုက်လာတဲ့အတွက် စစ်ကောင်စီတပ်တွေ ထွက်ပြေးခဲ့ရ တယ်ဆိုပြီး စစ်ကောင်စီရဲ့ ကြေးနန်းအစီရင်ခံစာ မှာဖော်ပြထားပါတယ်။

– စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဖြစ်တဲ့ ဘိန်း-ထုတ်လုပ်မှု အများဆုံး ပထမ နိုင်ငံအဖြစ် ရောက်ရှိသွားပြီလို့ ကုလသမဂ္ဂ UNO- DC ကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်လိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article