31 C
Yangon

နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံနှင့် မူဆယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နမ့်ခမ်းတွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် လူအင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေ

Must read

နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံနှင့် မူဆယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နမ့်ခမ်းတွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် လူအင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့ နယ်၊ မန်တုံမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းရှိ စစ်ကောင် စီ တပ်သားများနှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နမ့်ဆန်မြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း၌ ယနေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မန်တုံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၁၃၀ တပ်စခန်း၌ ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ကွတ်ခိုင်တပ်စခန်း၌ ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မူဆယ်မြို့နယ်ရှိ ကောင်းရာကျေး ရွာ ရောဘာခြံအနီးတဝိုက်တွင်လည်း ယနေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်မှ စတင် ၍ လက်ရှိချိန်ထိ နမ့်ခမ်းမြို့နယ်၊ စခန်းသစ်၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Jet Fighter ဖြင့် ၁၀ ကြိမ်၊ Mi35 ဖြင့် ၁၂ ကြိမ်နှင့် Y12 ဖြင့် ၆ ကြိမ် ဗုံး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေး ရွာ ဘောလုံးကွင်းဘက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ရဟက်ယာဥ်ဖြင့် စစ်ကူအင်အားနှင့် ရိက္ခာများ ၃ ကြိမ် လာရောက်ပို့ဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မိုးကုတ်ဘက်ကို လက်နက်ကြီးဖြင့် ၅ ကြိမ်၊ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် ၇ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ နမ့်ဆန်မြို့နယ်ဘက်ကို အကြမ်းဖက် စစ်တပ်၏ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး ၄ ကြိမ် ကျဲချခဲ့ကြောင်း၊ နမ့်ခမ်းမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညအချိန်၌ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် ပေါက်နေရပ်ကွက်ကို ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မူဆယ်မြို့ နယ်တွင်လည်း စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းက လက်နက်ကြီးဖြင့် အရပ်သား ပြည်သူများကို ဦးတည် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ၁၀၅ မိုင်ရှိ ဒေသပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article