32 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား

Must read

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Black Dragon -နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ထွက်လာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စိုက်ပျိုးရေးနှင့် ကံသာကုန်းရွာ အကြား၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ခွေးများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်သား ၄ ဦးနှင့် ဒဏ်ရာရရှိသူများကို ထမ်းစဉ်များဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ပြန်လည် ထမ်းသွားပြီး ကားဖြင့် သယ်ယူကာ ညနေပိုင်းတွင် လိပ်ချင်းရွာ သင်္ချိုင်းကုန်း၌ အလောင်း ၄ လောင်း မီးရှို့သွား​ကြောင်း သိရှိရသည်။

” မနေ့က ခြေလျင်လာတဲ့ စစ်ခွေးအုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စိုက်ပျိုး ရေးသိပ္ပံမှာ အထိုင်ချထားတဲ့ စစ်ခွေးအုပ်စုနဲ့ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ က စစ်ခွေးအုပ်စုနဲ့ပေါင်းပြီး ထွက်လာတဲ့စစ်ကြောင်းပါ။ ဗိုလ် ၁ ကောင်နဲ့ရဲ ၃ ကောင် သေတယ်။ သေသွားတဲ့ ခွေးအလောင်းတွေကို မနေ့က ညနေပိုင်းမှာ လိပ်ချင်းရွာ သင်္ချိုင်းကုန်း မှာ မီးရှို့သွားပါတယ်” ဟု Black Dragon -နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Dragon နှင့်အတူ One Day Revolution force ၊ Dog Hunder၊မုန်တိုင်း မိုင်းအဖွဲ့၊ Fire dragon (KU)၊ရွှေဘိုခရိုင် တပ်ရင်း(၄)နှင့် နယ်မြေခံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article