23.2 C
Yangon

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း KhinU Special force Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးစံပြကျေးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ရေဦးမြို့နယ် အောင်သာယာပျူစောထီးရွာ၌ ညအိပ်တပ်စွဲပြီးနောက် ယင်းစစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရေဦးမြို့ကို ဦးတည် ထွက်ခွာခဲ့စဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေဦးမြို့ မရောက်မှီ တော်လှန်ရေး တပ်ဖွဲ့များက လမ်းခုလတ်၌ Drone ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားပြီး ထမ်းစဥ်များဖြင့် ရေဦးမြို့ကို ထမ်းသယ်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KhinU Special force Organization KSO ၊ ခင်ဦးမြို့နယ် ပကဖ ၊ Dorne အဖွဲ့ ရွှေဘိုခရိုင်တပ်ရင်း ၃ ၊ KURDAF ARF Wolf Guerrilla Local PDF ၊ YE .U တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KhinU Special force Organization KSO အဖွဲ့အနေဖြင့် စစ်ဆင်ရေးများ ဆက်လက် အကောင်အထည်ဖော် နိုင်ရေး ပြည်သူများ၏ ထောက်ပို့ငွေ အကူအညီ လိုအပ်နေကြောင်း မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article