30 C
Yangon

၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှု နှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်မည်

Must read

၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှု နှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ဆောင်ရွက်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။

“၁၀၂၇ စစ်ဆင်ရေး” ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို မိမိတို ညီနောင်မဟာမိတ်သုံးဖွဲမှ စစ်ဆင်ရေး စတင်သည့်နေ့ တွင် တိကျရှင်းလင်းစွာကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါကြေညာချက်များထဲတွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးသည် တစ်ချက်အပါအဝင်ဖြစ်သကဲ့သို အွန်လိုင်းလိမ်လည်မှုပပျောက် ရေး Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကိုလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲများကို နှိမ်နင်းနိုင်ရေးသည်လည်း တစ်ချက်အပါအဝင် ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

စစ်ဆင်ရေး ၄၈ ရက်တာကာလအတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ စစ်စခန်းအများအပြားကို ညီနောင် မဟာမိတ်သုံးဖွဲမှ မရပ်မနား ရက် ဆက်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထုအား ဒုက္ခပေးနေသော စစ်ကောင်စီ ၏ လက်နက်ကြီးကုန်းများမှ လက်နက်ကြီးပစ်ခတ်မှုများသည် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားခဲ့သော်လည်း ကျန်ရှိနေသေးသော လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများကို ထပ်မံရှင်းလင်းရန် လိုအပ်နေသေးသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီသည် လေကြောင်းအားကိုးဖြင့် ပြည်သူလူထုများကို မိုက်ရူးရဲစွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရသည့်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အလိုရှိနေသော ကျားဖြန့် ပဲ့ကိုင်ရှင်များ နှင့် ကျားဖြန့် ကုမ္ပဏီမှ လိမ်လည်နေသူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို အရေအတွက်မြောက်မြားစွာကို အပ်နှံခဲ့ပြီး ဖြစ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း ကျားဖြန့် ပဲ့ကိုင်ရှင်အချို့ အပါအဝင် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်နေ သူအချိုမှာ ထွက်ပြေးလွတ်မြောက်တိမ်းရှောင်နေသေးသောကြောင့် မည်သည့်နေရာတွင်ရှိနေသည်ကို သေချာစွာစုံစမ်းပြီး လိုက်လံဖမ်းဆီးခြင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

အာဏာလက်လွတ်ရန် ရှိနေသော စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရကြောင်း၊ ယမန်နေ့တွင် တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ကောင်စီက ၎င်းတို၏ အရေးပါသောနေရာများ လက်မလွတ်ရေး နှင့် မဆုံးရှုးရရေးတိုအတွက် အသည်းအသန်တိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျားဖြန့် လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ခဲ့၍ တရုတ်က ဖမ်းဆီးထားသော ဖူလိုက်ပိုင်ရှင် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်ကို မင်းအောင် လှိုင်က သာသနာဆိုင်ရာဘွဲ့ ၂၀၂၁ ခုနှစ်တွင် ချီးမြှင့်နေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article