24 C
Yangon

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီဖြစ်သော မော်လူးမြို့မှ စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြရန် နှိုးဆော်၊ နယ်မြေရှင်းလင်းစဉ် လက်နက်ငယ်များ ထပ်တွေ့ရ

Must read

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီဖြစ်သော မော်လူးမြို့မှ စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြရန် နှိုးဆော်၊ နယ်မြေရှင်းလင်းစဉ် လက်နက်ငယ်များ ထပ်တွေ့ရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်၍ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လက်နက် ချကြရန်နှင့် အလင်းဝင်ကြရန် မြောက်ပိုင်း ABSDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်ရရှိသော မော်လူးမြို့ကို ယနေ့ နံနက်ပိုင်း နယ်မြေ ရှင်းလင်းရာ လက်နက်ငယ် ၃ လက် ဆက်လက် သိမ်းဆည်းရရှိကြောင်း၊ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လူထု၏ မျက်နှာကို ထောက်ရှုပြီး လက်နက်ချကြရန်နှင့် အလင်းဝင်းကြရန် ABSDF က တိုက်တွန်းသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ က အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော သတင်းများရရှိထားပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားသော မော်လူးမြို့ကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article