Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် စစ်တပ်နဲ့ပေါင်းပြီးလုပ်နေတဲ့ အွန်လိုင်းလိမ်လည်မှု နဲ့ ကျားဖြန့် ကုမ္ပဏီတွေအပါအဝင် စစ်ကောင်စီ နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေကိုပါ နှိမ်နင်းဖို့အတွက် ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ ထပ်မံ ကြေညာလိုက် ပါတယ်။
– စစ်ကိုင်းတိုင်းက မောလူးမြို့သိမ်းတိုက်ပွဲအတွင်း အစုလိုက်အပြုံလိုက် သေနေကြတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦး ရဲ့အလောင်းနဲ့တကွ ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၊ မြို့ကို စစ်ကြောင်းထိုး တိုက်ခိုက်လာမယ့် စစ်တပ်ရဲ့ ရန်ကိုပါ ကာကွယ်ဖို့ အသင့်ပြင်ထားတယ်လို့ ABSDF မြောက်ပိုင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး နိုင်ကောင်းရွက်က မွန်ပြည် တော်လှန်ရေး တပ်တွေနဲ့ တွေ့ဆုံပြီး စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အဆုံးအထိ တိုက်ပွဲဝင်ဖို့ သစ္စာရေသောက် ကတိသစ္စာပြုခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။