27 C
Yangon

မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာတွင် စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ KNU အုပ်ချုပ်မှုနယ်မြေတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းပျက်စီး

Must read

မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာတွင် စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ KNU အုပ်ချုပ်မှုနယ်မြေတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာဘက်သို့ အကြမ်းဖက် စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ပစ်ခတ်ရာ ပြည်သူ ၃ ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် တောင်ပုလုကျေးရွာ မြောက်ဘက်သို့ အကြမ်းဖက် စစ်သား ၁၀ ဦးက ကားတစ်စီးဖြင့် ထွက်လာချိန် လမ်းကြောင်းရှင်းသည့်အနေဖြင့် မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာဘက်သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သေဆုံးပြည်သူက အသက်၄၅ နှစ် ၊ အသက်၁၇ နှစ် အမျိုးသမီးတွေနဲ့ အသက်၈နှစ်ရှိတဲ့ ကလေး ၁ ဦး ။ ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူကတော့ အသက် ၃၁နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ အသက် ၆နှစ်ရှိ ကလေးတစ်ဦးပါ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ KNU အုပ်ချုပ်နယ်မြေ၊ ဆောထိမြို့နယ်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားပြီး ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ရပြီး နွား ၁ ကောင်လည်းသေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ညောင်လေးပင်အခြေစိုက်တပ်စခန်း ခမရ-၂၀ က

၁၂၀မမ လက်နက်ကြီး ၂ လုံးကို ရေဖြူကန်ကျေးရွာသို့ ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီအချိန်တွင် ပုဇွန်မြောင်းတာဖြတ်မှနေသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၂၀က ၁၂၀မမ လက်နက်ကြီး (၂)လုံးကို ဂွေးကုန်းကျေးရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ညောင်လေးပင်အခြေစိုက်တပ်စခန်း ခမရ-၂၀ က ၁၂၀မမ လက်နက်ကြီး ၃ လုံးကို ဂွေးကုန်းကျေးရွာသို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁ လုံးသည် ဂွေးကုန်းကျေးရွာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ အချိန် ပုဇွန်မြောင်းတာဖြတ်မှနေသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂွေးကုန်းကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ဂွေးကုန်းကျေးရွာလယ်ကွင်းတွင် ကျရောက် ပေါက်ကွဲပြီး ဂွေးကုန်း ကျေးရွာမှ ဦးသန်းဌေး၏ နွားမ ၁ ကောင် ကျည်စထိမှန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU အုပ်ချုပ်မှုနယ်မြေတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးနေသော ဘုန်းကြီးကျောင်းနှင့် သေဆုံးနေသော နွား ၁ ကောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article