32 C
Yangon

ဘီးလင်းမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ပစ်ခတ်ရန် ကင်းပုန်းဝပ်နေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

ဘီးလင်းမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ပစ်ခတ်ရန် ကင်းပုန်းဝပ်နေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ပစ်ခတ်ရန် ကင်းပုန်းဝပ်နေသည့် စစ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃ တပ် မှ စစ်ကောင်စီ တပ်သားများသည် ကင်းပုန်းဝပ်၍ တော်လှန်ရေး ရဲဘော်များကို စနိုက်ပါဖြင့် ချောင်းမြောင်း တိုက်ခိုက်ရန် ဒညင်းကုန်းကျေးရွာထိပ်တွင် တပ်စွဲထားစဥ် တပင်ရွှေထီး စစ်ကြောင်း တပ်ခွဲ ၂ နှင့် တပ်ရင်း sniper team တို့က သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

တပင်ရွှေထီး စစ်ကြောင်း တပ်ရင်း sniper team sniperman များ၏ ပြန်လည် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စနိုက်ပါ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Photo – စနိုက်ပါ ပစ်ခတ်မှု လေ့ကျင့်နေသည့် တော်လှန်ရေး ရဲဘော်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article