28 C
Yangon

ချောင်းဦးတွင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကြောင်းထိုးနေ၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

ချောင်းဦးတွင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကြောင်းထိုးနေ၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့တွေက လူသားဒိုင်းအသုံးပြု စစ်ကြောင်းထိုးနေတယ်လို့ ဒေသပြည်သူတွေက ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ချောင်းဦးမြို့မရဲစခန်းမှ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲံ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇင်ဘာလ ၁၃ ရက်နေ့ နဲ့ ၁၂ ရက်နေ့မှာ ချောင်းဦးလမ်းပိုင်းနဲ့ခင်မွန်က ပြည်သူတွေကို စစ်တပ်က ဖမ်းတယ်။ ကားသမားတွေ‌လည်းအဖမ်းခံရတယ်။ အဲဒီဖမ်းဆီးထားလူတွေကို ချောင်းဦးရဲစခန်းမှာထားပြီး ဒီနေ့စစ်ကြောင်းထိုးတော့ ဖမ်းဆီးခံပြည်သူတွေကို ရှေ့ဆုံးမှာ လူသားဒိုင်းထားပြီး ထွက်လာကြတာ” ဒေသကာကွယ်ရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းဖမ်းဆီးပြီးစစ်ကြောင်းထိုးလာတဲ့ ဒေသခံပြည်သူတွေနဲ့အရေအတွက်ကိုတော့ မသိရသေးဘဲ ခန့်မှန်း

ခြေ ဖမ်းဆီးခံ လူဦးရေ ၅၀ ကျော်၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ချောင်းဦးမြို့နယ်အတွင်းက ရှမ်းထူး၊ညောင်ပင်တဲ၊ပေါက်ပင်၊တောင်ဖီလာစတဲ့

ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ ညပိုင်းမှာ စစ်တပ်က ညောင်ပင်တဲရွာဝင်ရောက် မီးရှို့ခဲ့ပြီး ပျက်စီးဆုံးမှု ကြီးမားတယ်လို့ ဒေသပြည်သူတွေက ဆိုကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက် အတိအကျ မသိရသေးပါဘူး။

ဓာတ်ပုံ- စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသော ညောင်ပင်တဲကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article