ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း KhinU Special force Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာရှိ စစ်ကောင်စီ တပ်သားများသည် ၎င်းကျေးရွာအနီးရှိ စပါးခင်းများကို မတရားခိုးယူ ရိတ်သိမ်းနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပျဉ်ထောင်ကျေးရွာအတွင်းကို ဝင်းပြေးသွားသည့် စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံ တိုက်ခိုက်ခဲ့ရာ ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KSO တပ်ဖွဲ့-KURDAF ၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF-YeU ၊ ARF ၊ မြို့နယ်တပ်ရင်း (ခရိုင်တပ်ရင်း-၃) ၊ Khin U local Guerrilla force (KUGF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။