27 C
Yangon

မုန်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

မုန်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်း၊ မုန်းမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi-35 ရဟတ်ယာဥ် ၁ စီးသည် စက်သေနတ်ဖြင့် နယ်နိမိတ် ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် မခင်နန်းချော၊ အသက် ၁၃ နှစ်အရွယ် မောင်ရှမ်းမင်းသူ၊ အသက် ၂၇ နှစ်အရွယ် မောင်နေစန်းထွေးနှင့် အမည်မသိ ကလေးငယ် ၁ ဦး တို့ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ဝဲကြီးကျေးရွာအတွင်းကို ရော့ကတ် ၁၂ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၁ နှစ်ခွဲ အရွယ် မောင်ကောင်းဆက်နိုင် သေဆုံးခဲ့ရပြီး အသက် ၅၅ နှစ်အရွယ် မသန်းကြည်၊ အသက် ၅၀ အရွယ် မောင်သန်းထွေး နှင့် အသက် ၁၄ နှစ်အရွယ် စည်သူအောင်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးပြီး ဝက် ၂ ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article