29 C
Yangon

မြိုင်မြို့နယ်၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင်ပြာကျပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

မြိုင်မြို့နယ်၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင်ပြာကျပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင်ပြာကျပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုင်မြို့နယ် တောင်ပိုင်းရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာခြင်း မရှိသောကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ပြည်သူတွေက အရင်နေ့ကတည်းက ကြိုရှောင်ကြတာဆိုတော့ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိလောက်ဘူး။ စစ်ခွေးတွေ မီးရှို့ထားတာတွေက ဝင်ပြီး ငြိမ်းမရတော့ ဆက်လောင်နေသေးတယ်။ အခုထိတော့ ရွာရဲ့ တစ်ဝက်လောင်သွားပြီ” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သာစည်ရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ တစ်ဝက်နီးပါး မီးလောင်ပြာကျသွားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တွင်းမရွာအတွင်း ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article