နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး
■ ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် ည ၁၁ နာရီအချိန်တွင် နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ထိမှန်မီး လောင်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဖိုးအို ၁ ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ငွန်ဆိုင်းကျေးရွာနှင့် နမ့်ဆန်မြို့ ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ငွန်ဆိုင်းရွာ အမက ကျောင်းနှင့် နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးဆိုင်တစ်ဆိုင် မီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင် နမ့်ဆန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ဖက်အချိုခြောက်စက်ရုံကို လေကြောင်းမှ လာရောက် ဗုံးကျဲ တိုက်ခဲ့ရာ စက်ရုံမီးလောင်ပြာကျခဲ့ ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နမ့်ဆန်မြို့၊ နမ့်မဝေါရပ်ကွက်တွင် နေ ထိုင် သူ ဦးကျော်ဌေးကို အကမြ်ဖးက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း၊ နမ့်ဆန်မြို့သိမ်း တိုက် ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး နေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ရွာ မူလွန်ကျောင်းအနီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ပြည်သူ ၂ ဦးသေဆုံးတယ်လို့ပဲ သိရတယ်။ အမည်တွေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။