32 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ရုရှား SU-30 တိုက်လေယာဉ် ၂ စီးကို လေတပ်တွင် စတင်အသုံးပြုပြီး ပြည်တွင်းစစ်ဆင်ရေးတွင် အသုံးပြုမည်ဟုဆို

Must read

အကြမ်းဖက်စစ်ကောင်စီက ရုရှား SU-30 တိုက်လေယာဉ် ၂ စီးကို လေတပ်တွင် စတင်အသုံးပြုပြီး ပြည်တွင်းစစ်ဆင်ရေးတွင် အသုံးပြုမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံလုပ် SU-30 တိုက်လေယာဉ် ၂ စီးကို ယမန်နေ့ တပ်မတော်လေတွင် စတင်အသုံးပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အဆိုပါ လေယာဉ်များကို လက်ရှိဖြစ်ပွားနေသော ပြည်တွင်းတိုက်ပွဲများတွင် အသုံးပြုမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်လေတပ်စခန်းတွင် တိုက်လေယာဉ် ၂ စီး ကို လေတပ်ထံသို့ လွှဲပြောင်းပေးသည့် အခမ်းအနားပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တိုက်လေယာဉ် ၂ စီးကို လွှဲပြောင်းပေးသည့် အခမ်းအနားတွင် မင်းအောင်လှိုင်က လေတပ်အနေဖြင့် သမားရိုးကျ စစ်ဆင်ရေးများ၊ သမားရိုးကျမဟုတ်သည့် စစ်ဆင်ရေးများတွင် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ၊ လက်ရှိ လေတပ်အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ဖြစ်ပွားသည့်တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေ များတွင် ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်ရေးများတွင် လေယာဉ်၊ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲဝင်နေကြကြောင်း၊ ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ဝယ်ခဲ့ကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံး ကျည်များကို ပုံစံမျိုးစုံဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ် တိုက် လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article