ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဗုံးပေါက်ကွဲမှု လူ ၁ ဦးသေဆုံး၊ စစ်တပ်က လမ်းပိတ်စစ်ဆေးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲရာ လူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်း ၊ Pro 1 ရှေ့တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူ ၁ ဦးသေဆုံးကြောင်း ၊ ယင်းနောက် စစ်တပ်က အမှတ် ၂ လမ်းမကြီးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။
“ဗုံးပေါက်တာက လူ ၁ ဦးသေဆုံးပါတယ်။ ၁ ဦးတော့ဒဏ်ရာရတယ်။ စစ်တပ်က အမှတ် ၂ လမ်းမကြီးကို ပိတ်ပြီး စစ်ဆေးမှုတွေ လုပ်တယ်။”ဗုံးပေါက်တာက လူ ၁ ဦးသေဆုံးပါတယ်။ ၁ ဦးတော့ဒဏ်ရာရတယ်။ စစ်တပ်က အမှတ် ၂ လမ်းမကြီးကို ပိတ်ပြီး စစ်ဆေးမှုတွေ လုပ်တယ်။
လာတဲ့ကားတွေ အကုန်လုံးကို ပြန်လှည့်ခိုင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ ညပိုင်းမှစတင်ပြီး ယခု နံနက်ပိုင်းအထိ ဗုံးပေါက်ကွဲမှုများဖြစ်ပွားနေကော ယခုအချိန်အထိ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ တချို့ရှိကြောင်း ဒေသပြည်သူများနှင့်ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
