ဘုတလင်နယ် နေပူကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့၊ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွှဲတဲကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တပ်က ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
“မနက် ၆ နာရီမှာ စစ်ကြောင်းထိုးလာတယ်။ ရွာထဲ ကသူတို့လိုချင်တာယူပြီး အိမ် ၂ လုံးမီးရှို့သွား တယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် နံနက် ၇ နာရီအချိန် ဘုတလင်မြို့ ထဲပြန်ဝင်သွားပြီး အနီးပတ် ၀န်းကျင်ရွာတွေကို လက်နက်ကြီးများဖြင့် ပစ်ခ
တ်ခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်၍ ဒေသပြည်သူတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ရဲစခန်းထဲကနေလက်နက်ကြီးတွေနဲ့ ပစ်တာ။ လွှဲတဲရွာတောင်ဘက် စပါးရိတ်နေတဲ့နေရာနား ကျလို့ မိန်းကလေး(၁)ယောက်ဒဏ်ရာရတာရှိ
တယ်။မစိုးရိမ်ရပါဘူး”ဟု ဘုတလင်ဒေသခံတစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး စစ်တပ်က ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုအပါအဝင် စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
(မျက်မှော်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
