29 C
Yangon

ဆောမြို့နယ်ရှိ စစ်ရှောင်စခန်း ဆောက်လုပ်နေသည့် နေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး

Must read

ဆောမြို့နယ်ရှိ စစ်ရှောင်စခန်း ဆောက်လုပ်နေသည့် နေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ စစ်ရှောင်စခန်း ဆောက်လုပ်နေသည့် နေရာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆောမြို့နယ်၊ ကျောက်ဆွဲရွာအနီး စစ်ရှောင်စခန်း ဆောက်လုပ်နေသည့် နေရာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့​ပြီး ကျေးလက် ဆေးပေးခန်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် လောင်းရှည် နှင့် ဆော အကြား ကသောင်းတောင်ရှိ PDF စစ်ဆေးရေး ဂိတ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“လေယာဥ်လာတဲ့ အချိန် ချက်ခြင်း ဗုံးခိုကျင်းထဲ ပြေးရှောင်နိုင်လို့ တော်လှန်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ အထိအခိုက် မရှိခဲ့တာ ပျက်စီးဆုံးရှုံးမှုတော့ ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article