29 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၄၄ မိုင်၌ ဆက်ကြေးကောက်နေသည့် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၄၄ မိုင်၌ ဆက်ကြေးကောက်နေသည့် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ် ၁၄၄ မိုင်၌ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခန့်က ရန်ကုန် – မန္တလေးမပေါ် ပိတောက်ခင်ကျေးရွာနှင့် ကြက် တက်ညောင်ပင်ကျေးရွာအကြား ၁၄၄ မိုင်တွင် ဆိုင်ကယ်များကို ဖမ်းဆီးငွေတောင်းနေသော အ ကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်ဦးမှု ရယူ တိုက် ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် အမှတ် (၁) တပ်ရင်း၊ အနောက်ရိုးမ အခြေစိုက် (RV) စစ် ကြာင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်၁ တပ်ရင်း 27 Revolution Forces အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို Drone ဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force- YSO နှင့် ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြိုင်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article