29.5 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မူဆယ် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းမှာ ရခိုင့်တပ်တော် AA ရဲ့ အလံကို လွှင့်ထူပြီး ရခိုင်တပ်တော် စစ်သည်တွေက သိမ်းပိုက်ရရှိထားတဲ့ တင့်ကား ၂ စီးနဲ့ အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူရဲ့ လူမွန်ကွန်ယက်တဆင့် ထုတ်ပြန်လိုက်ပါတယ်။

– အကြမ်းဖက် စစ်ကောင်စီက နမ့်ခမ်း- စခန်းသစ်ကုန်း မကျအောင်ဆိုပြီး ရဟတ်ယာဉ်နဲ့ စစ်ကူ ချပေးခဲ့တဲ့ စစ်ကောာင်စီတပ် စစ်ကြောင်းကို TNLA ကနေ တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား အများအပြား သေသွားပြီး ၊ လက်နက် အလက် ၄၀ နဲ့အတူ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦးကိုပါ အရှင်ဖမ်းဆီးရ မိထားတယ်လို့ TNLA ကနေ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုကြား တိုက်ပွဲဖြစ်ပွား ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေကုန်ကြတဲ့အပြင် ၊ လက်နက် ၁၇ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article