26 C
Yangon

ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း MOD အတည်ပြု ထုတ်ပြန်

Must read

ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း MOD အတည်ပြု ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့ထိ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကို ကလေးမြို့နယ်မှ စစ်ကြောင်းထိုးလာသော အမှတ် ၇၇ တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃၉၁နှင့် ခလရ ၂၂၈ မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့် သေဆုံးပြီး ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် CNDF၊ RCDF တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တွန်းလှန်တိုက်ထုတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article