အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ကျော်လွှားရေး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့က AC POLARIS TRADING အမည်ဖြင့် Proxy ကုမ္ပဏီထောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ကျော်လွှားရေး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့က AC POLARIS TRADING အမည်ဖြင့် Proxy ကုမ္ပဏီထူထောင်လိုက်ကြောင်း အဆိုပါကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် ကြေးနီထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြန်မာဝမ်ပေါင်နှင့် မြန်မာ ယန်စီကုမ္ပဏီတို့သည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပုံမှန် လည်ပတ်၍ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် Proxy ကုမ္ပဏီ မှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်၍ AC POLARIS TRADING အမည်ဖြင့် ကုမ္ပဏီ ထူထောင်လိုက်ကြောင်း သိရှိရသည်။
ထို့ကြောင့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့၏ ကြားခံကိုယ်စား Proxy ကုမ္ပဏီဖြစ်သော AC POLARIS TRADING ကုမ္ပဏီက တင်ပြမည့် ပို့ကုန်/သွင်းကုန် ဆိုင်ရာ လုပ်ငန်းများ၊ လိုင်စင်များ အလွယ်တကူချထားပေးရန် အကြောင်းကြားမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။
မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီတို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီတူးဖော်ရေး စီမံကိးန်များကို စစ်တပ်လက်အောက်ခံ ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နှင့်ပူးပေါင်း၍ နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးပိုင်ကုမ္ပဏီများဖြစ်ကြသည်။