28 C
Yangon

သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာတွင် နေထိုင်သော အုပ်စု အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီး ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း၊ တပ်ခွဲ (၃) Wisdomအဖွဲ့နှင့် တပ်ခွဲ (၅) နွေဦးအဖွဲ့တို့က ၎င်းနေအိမ်ဝင်းအတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီးသည် ပျူစောထီးဖွဲ့ရန် လူငယ်များကို စည်းရုံးခြင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းကာ စစ်တပ်ထံပေးပို့ခြင်း၊ သစ်သမားများနှင့် လောင်းကစားဒိုင်များဆီမှ လိုင်းကြေးကောက်ကာ စစ်ကောင်စီ တပ်သားများကို ထောက်ပံ့ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီးထံမှ အကြမ်းဖက် စစ်တပ်နှင့် ဆက်သွယ်ထားသော လက်ကိုင်ဖုန်း ၁ လုံးကိုလည်း သိမ်းဆည်း ရရှိထားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ စစ်တပ်နှင့် ပူးပေါင်းနေသောရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို နုတ်ထွက်ကြပါရန် အကြိမ်ကြိမ်အခါခါ သတိပေးထားပြီးဖြစ်ကြောင်း၊ နုတ်ထွက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ ဆက်လက် လုပ်ဆောင်နေသောရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ယခုကဲ့သို့ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article