26 C
Yangon

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ အသက် ၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာကို အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၇၀ အရွယ် အဖွားတစ်ဦးသေဆုံးခဲ့ ကြောင်း PDF -Gangaw တောင်ပိုင်းထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၃ နာရီ ၃ မိနစ်က ဂန့်ဂေါမြို့၊ ပင်မအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ရှုံးရှီကျေးရွာထဲသို့ ပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲ ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများထဲမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၇၀ အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေမှုအား PDF Gangaw တောင်ပိုင်းအဖွဲ့အနေဖြင့် အပြင်းအထန် ရှုတ်ချ ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း လက်နက်ကြီးသံကြားပါက အထူးဂရုစိုက်နေထိုင်ပေးကြ ပါရန် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article