27 C
Yangon

နွားထိုးကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

နွားထိုးကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာတွင် တပ်စွဲထားသော အ ကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က နွားထိုးကြီးနယ်၊ ရွာကြီးရွာ၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကျည်းပင်အောက်၌ ကင်းယူ နေသော အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိ သော စစ်သား ၂ ဦးကို ညနေ ၃ နာရီခန့်တွင် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။

“ရွာထဲမှာတပ်စွဲထားတာ၊ အခုဟာက မန်ကျည်းပင်အောက်မှာ ရှေ့ကင်းထွက် စောင့်တဲ့ စစ်ခွေး တွေကို ဒရုန်းနဲ့ချပြီးတော့ တိုက်ခိုက်ခဲ့တာပါဗျ၊ ဒဏ်ရာရတဲ့ စစ်သား ၂ ဦးကို စစ်ခွေးကားနဲ့ပဲ မြင်းခြံ ဆေးရုံကို သယ်သွားပါတယ်” ဟုMyingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် ဂူကြီးတွင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြိုပေါ်ရဲစခန်းကို ၇ ရက် ဆက်တိုက်ဗုံးသီး ၁၃ လုံး ကျဲချပြီး ဂူကြီးတွင်းကျေးရွာမှာ တပ်ဆွဲကာလမ်းပေါ်မှာအတင်းအဓမ္မ ငွေ ကောက်နေသော အကြမ်းဖက်စစ်သားများ ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ Phoenix SGG နှင့် Royal Falcon Guerrilla Force တိုပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲရန် ပြင်ဆင်နေသည့် တော်လှန်ရေး ရဲဘော်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article